နိုင်ငံအချုပ်အခြာအာဏာကို အသက်နှင့်လဲကာကွယ်သည့် မျိုးဆက်သစ်တပ်မတော်သားများအတွက် ဂုဏ်ယူကြောင်း သမ္မတဦးသိန်းစိန်ပြောကြား


ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင်  ဖြစ်ပွားခဲ့ သော တိုက်ပွဲများ၌  နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်ကို အသက်နှင့်လဲ၍ ကာကွယ်သည့်အတွက် မျိုးဆက်သစ်တပ်မတော်သားများအား ဂုဏ်ယူကြောင်း သမ္မတဦးသိန်းစိန်က  ပြောကြားသည်။
ဖေဖော်ဝါရီ ၁၆ ရက်က ပြင် ဦးလွင်တပ်မတော်ဆေးရုံတွင် လောက်ကိုင်ဒေသတိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရသူ တပ်မတော် သားများကို သမ္မတဦးသိန်းစိန်သွားရောက်ကြည့်ရှုစဉ် ယင်းသို့ အားပေးစကားပြောကြားခြင်းဖြစ် ကြောင်း အတူလိုက်ပါသွားသူ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကပြောသည်။
 ‘‘ကိုးကန့်တိုက်ပွဲအနေနဲ့ ပတ်သက်လို့ သမ္မတကြီးက သူ အရာရှိငယ်ဘ၀က ဗမာပြည် ကွန်မြူနစ်ပါတီက ပြည်ပအကူ အညီနဲ့ ကိုးကန့်ဒေသကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့   ကွမ်းလုံရက်လေး ဆယ်တိုက်ပွဲရော၊ စီစီဝမ်တာပန် တိုက်ပွဲမှာရော ပါဝင်တိုက်ခိုက်ခဲ့ တယ်။ အခုအချိန်မှာ မျိုးဆက် သစ်တပ်မတော်တွေက ကိုးကန့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာ ဏာနဲ့ ပိုင်နက်ကိုအသက်နဲ့လဲ ကာကွယ်တဲ့အတွက် ဂုဏ်ယူ ကြောင်းပြောပါတယ်’’ဟု ၎င်းက ပြောသည်။
ထို့အပြင်သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးများ၏ လစာ၏ ၂၅ ရာခိုင်နှုန်းစုဆောင်းရန်ပုံငွေ ထဲမှ ကိုးကန့်ဒေသတိုက်ပွဲများ တွင် ကျဆုံးစစ်သည်များအတွက် ကျပ်သိန်း ၉၀၀ နှင့် ဒဏ်ရာရစစ် သည်များအတွက် ကျပ်သိန်းတစ် ရာလှူဒါန်းခဲ့ကြောင်း ၎င်းကပြော သည်။

‘‘ဒီနေ့စစ်ဆေးရုံကို တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နဲ့အ တူ သွားတာပါ။ ကာကွယ်ရေးဦး စီးချုပ်ကတော့ ကျဆုံးစစ်သည် မိသားစုတွေကို တပ်ထဲက အ ဆောက်အအုံတွေမှာ ဆက်နေ ထိုင်ခွင့်ပေးထားမှာ ဖြစ်သလို အပြင်မှာလည်း မြေကွက်နဲ့ နေထိုင်ဖို့ အိမ်ရရှိရေး တပ်မတော် က စီစဉ်ပေးမယ်လို့ပြောပါတယ်’’ဟု ၎င်းကပြောသည်။
မြန်မာ့တပ်မတော်နှင့် ပြည်တွင်းစစ်ဆင်နွှဲနေသည့် ကေအိုင် အေ၊ တလောင်း(ပလောင်)တပ်ဖွဲ့တို့နှင့် တိုက်ပွဲများတွင် ကျဆုံး၊ဒဏ်ရာရရှိပါက သမ္မတနှင့် ကာ ကွယ်ရေးဦးစီးချုပ်တို့ သွားရောက်အားပေးလေ့မရှိပေ။ ယခုကိုးကန့် တိမ်းရှောင်အဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင်မူ ဖုန်ကြားရှင်က အပြင်လူနှင့် ပေါင်း၍ ကျူးကျော် ခြင်းဖြစ်သည့်အတွက် သမ္မတ ကိုယ်တိုင်ဒဏ်ရာရတပ်မတော် သားများကို သွားရောက်အားပေး ကြောင်း ၎င်းကပြောသည်။
‘‘ကေအိုင်အေ၊ တအောင်း (ပလောင်)တို့ဆိုတာက ညီအစ်ကိုခြင်း ရန်ဖြစ်တာ၊ ဖုန်ကြားရှင်က ရွာမှာ ဓားပြတိုက်၊ သူခိုးလုပ်လို့ ရွာက နှင်ထုတ်ထားရာကနေ အပြင်လူနဲ့ ရွာကို ဓားပြတိုက်တာ။ ဒါကြောင့် ကိုးကန့်ဒေသကို ကျူး ကျော်မှုက ပိုပြီးအရေးကြီးတဲ့ အတွက်  သမ္မတကိုယ်တိုင်သွားပြီး အားပေးတာ’’ဟု ၎င်းကပြော သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လည်း ဖေဖော်ဝါရီ ၁၅ ရက်က လားရှိုးမြို့တွင် စစ်ရှောင်ဒုက္ခ သည်များကို သွားရောက်တွေ့ဆုံ ၍ ကျပ်သိန်းတစ်ရာလှူဒါန်းခဲ့ သည်။
 တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၇ ရက်မှ ၁၅ ရက်အထိ ဖြစ်ပွား ခဲ့သော တိုက်ပွဲများအနက် မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်၅၀ ကျော်ကျဆုံးပြီး ကိုးကန့်တပ်ဖွဲ့မှ ၂၆ ဦးကျဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

 Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment