မြန်မာ့တပ်မတော်က ကေအိုင်အေဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုဆို

ခါရာဘွမ်တောင်တွင် တပ်စွဲထားသည့် မြန်မာ့တပ်မ တော်စခန်းက ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသသို့ လက်နက်ကြီးများဖြင့် အကြိမ် ကြိမ်ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် မြန်မာ့တပ်မတော်ဘက် က လက်နက်ကြီးများဖြင့် (၁၀)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့(PCG) နှင့် ကေအိုင်အိုတာဝန်ရှိသူများက ပြောသည်။
‘‘ကျွန်တော်တို့ အဲဒီမှာရှိတဲ့ အချိန်မှာ အစိုးရဘက်က လက် နက်ကြီးတွေနဲ့ ပစ်တာ ကိုယ်တိုင် ကြုံရတာ ၁၁ ရက်နေ့ မနက် ၄ နာရီလောက်ကပါ။ ကျွန်တော်တို့ က TAT(ကေအိုင်အိုအလုပ်အဖွဲ့) ကို သွားကြိုတာ’’ဟု PCG မှ ဦး အင်ရှန်ဆန်အောင်ကဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်(ပြည် ထောင်စုနေ့)    နံနက်ကလည်း မြန်မာ့တပ်မတော်က  လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော် လည်း တိုက်ပွဲများဖြစ်ပွားခြင်း မရှိကြောင်း ကေအိုင်အိုထိပ်တန်း အရာရှိတစ်ဦးကပြောသည်။
အဆိုပါကိစ္စများနှင့် စပ် လျဉ်း၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (မပခ)သို့ အကြိမ်ကြိမ်ဆက် သွယ်မေးမြန်းခဲ့သော်လည်း အ ဆက်အသွယ်မရခဲ့ပေ။
လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ သော်လည်း လက်နက်ကြီး ကျည် ဆန်များမှာ ကျောင်းသားနှစ် ထောင်ကျော်ရှိသည့် အလဲန်ဘွမ် စစ်ပြေးဒုက္ခသည် စာသင်ကျောင်းအနီး၌  ကျရောက်ခဲ့မှုကြောင့် စိုးရိမ်မှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုဘက်မှ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ အစိုးရဘက် တာဝန်ရှိသူများထံသို့ အကြောင်း ကြားထားကြောင်း သတင်းရရှိ သည်။
‘‘ဖြေရှင်းချက်တောင်းထား တာ အခုထိတော့ အကြောင်းပြန် တာ မကြားသေးဘူး’’ဟု PCG တာဝန်ရှိသူတစ်ဦးကဆိုသည်
Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment