၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်မည့် အကယ်ဒမီဆန်ခါတင် ဇာတ်ကားခြောက်ကားကို ခံစားတင်ပြခြင်း
စုန်းပြူး ဇာတ်ကား

အဆိုပါဇာတ်ကားတွင် နေတိုးသည် စကားပြော နည်းပြီး မိခင်အိုကြီးနှင့် အစ်ကို၊ ညီမတို့ကို ကြုံရာ ကျပန်း လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကာ ဂျစ်ကန်ကန် ထုံပေပေစရိုက် သဘာဝရှိသည့်ကောင်လေး ဖြစ်သည်။
နေတိုး၏ချစ်သူအဖြစ် သက်မွန်မြင့်က သရုပ် ဆောင်ထားပြီး နေတိုး၏အစ်ကို ရဲမွန်၏ ချစ်သူအဖြစ် ခိုင် သင်းကြည်က သရုပ်ဆောင်ထားကာ အစ်ကိုနှင့် လွန်ကျူးခဲ့သည့် ခိုင်သင်းကြည်အား နေတိုးက တာဝန် ယူလိုက်ရသည့် မိသားစုမေတ္တာဘွဲ့ ဇာတ်လမ်းတစ် ပုဒ်ဖြစ်သည်။
စုန်းပြူးဇာတ်ကားသည် ဇာတ်လမ်း နေနော်၊ စကားလုံးနှင့်ဇာတ်ညွှန်း အကယ်ဒမီ မြင့်ဦးဦးမြင့်၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၏ (အနုပညာပြချက်) ဖြစ်ကာ သရုပ်ဆောင်နေတိုး၊ မင်းရာဇာ၊ သက်မွန်မြင့်၊ ခိုင်သင်း ကြည်နှင့် သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားကြသည်။
နင်စေရင် ဇာတ်ကား![]() ယင်းဇာတ်ရုပ်ကြောင့် ပရိသတ်များက ၀တ်မှုန်ရွှေ ရည်ကို ယင်းဇာတ်ကားနှင့် အကယ်ဒမီရရှိနိုင်မည်ဟု ခန့်မှန်းရသည်အထိ ဇာတ်ရုပ်ကို ထူးခြားစွာသရုပ် ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ယင်းဇာတ်ကားကို ဇာတ်ညွှန်း နေနော်၊ ဇာတ်လမ်းနှင့် ဒါရိုက်တာအဖြစ် ၀ိုင်းက ရိုက်ကူးပြီး စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ပြေတီဦးနှင့် ၀တ်မှုန်ရွှေရည်တို့က သရုပ် ဆောင်ထားခြင်းဖြစ်သည်။ |
စေတန်ရဲ့ကချေသည် ဇာတ်ကား![]() မိမိအားနှိမ်ချဆက်ဆံခဲ့သည့် ကောင်လေးကို အချစ်ကြီးချစ်နေသည့် ကောင်မလေးအဖြစ် သက်မွန်မြင့်က ပီပြင်စွာသရုပ်ဆောင်ထားသည်။ နေတိုး နှင့်သက်မွန်မြင့်တို့၏ သရုပ်ဆောင်ချက် ပီပြင်မှုကြောင့် ပရိသတ် များအကြား ရေပန်းစားနှစ်ခြိုက် ခံရသည့် ဇာတ်ကားဖြစ်သည်။ ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးထားသည့် အချစ်ဇာတ်ကား ဖြစ်ပြီး ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာဝိုင်းက ဇာတ်ညွှန်းနှင့် ဒါရိုက် တာအဖြစ် တာဝန်ယူကာ နေတိုး၊ ၀ိုင်း၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ ယွန်းယွန်း နှင့် ဟဲဗီးဖြိုးတို့ ပါဝင်သရုပ် ဆောင်ထားသည်။ |
ကြယ်စင်မော်ကွန်း ဇာတ်ကား![]() ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြသည့် သရုပ်ဆာင်များသည် ၀ါရင့်သရုပ်ဆောင်များဖြစ်ကြပြီး နိုင်ငံရေးကိုထင်ဟပ်ပြသသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။ ဇာတ်ကားထဲတွင် သရုပ်ဆောင် များအားလုံးထဲမှ တင့်တင့်ထွန်း၏ သရုပ်ဆောင်မှုကို အထူးနှစ်သက်သဘောကျသည်ဟု ဖန်တီးသူ ဒါရိုက်တာ ပန်းချီစိုးမိုးကပြောသည်။ ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကိုZillon Entertainment ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်ညွှန်းကို အကယ်ဒမီငြိမ်းမင်းက ရေးသားထားပေးခြင်းဖြစ်ကာ လူမင်း၊ နေတိုး၊ ဝေဠုကျော်၊ ဇင်ဝိုင်း၊ ရဲအောင်၊ ထွန်းထွန်း၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ပန်းဖြူ၊ အိန္ဒြာကျော်ဇင်နှင့် တင့်တင့်ထွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ |
အဖြူရောင်ရဲတိုက် ဇာတ်ကား![]() သရုပ်ဆောင်များ၏ ဇာတ်ရုပ်ပီပြင်မှုများကြောင့် ပရိသတ်နှစ်ခြိုက်အားပေးမှုရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား ကြီးတစ်ကားဖြစ်သည်။ ယင်းဇာတ်ကားသည် သားသမီးအပေါ်တွင်ထားသည့် ဖခင်တစ်ဦး၏ မေတ္တာ၊ ဖခင်တစ်ယောက်၏စိတ်၊ မိသားစုတစ်စုတွင် ဦးစီး ဦးဆောင်လုပ်နေသည့် အိမ်ထောင်ဦးစီးက ၎င်း၏ မိသားစုတစ်စုလုံး အပေါ်မှာထားသည့် စိတ်များကို ဖော်ညွှန်းထားသည့် ဇာတ်ကားဖြစ်သည်။ ဇာတ်ကား တစ်ခုလုံးတွင် အိန္ဒြာကျော်ဇင်၊ ချိုပြုံးနှင့် သန္တာဗိုတို့ ပါဝင်သရုပ်ဆောင်ထားကြသည်။ |
ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး အခြားဟာသများ နှင့်မတူဘဲ ပုံစံကွဲထွက်သည့် ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် ဇာတ်ဆောင်များသည် မသန်စွမ်းများဖြစ်ပြီး မသန်စွမ်း အားလုံးတွင် မသန်သော်လည်း အစွမ်းတစ်ခုစီရှိကြ ခြင်းကို ဒါရိုက်တာက ပေါ်လွင်အောင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မျက်စိမမြင်သူ၊ နားမကြားသူ၊ စကားမပြောတတ်သူသုံးဦးရှိပြီး ယင်းသုံးဦးသည် ၎င်းင်း တို့၏ဘ၀ကို အားမငယ်ဘဲ သာမန်လူသားတစ်ဦးကဲ့ သို့ ဖြတ်သန်းပုံကို ဟာသနှောကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားကို ရွှေမိုးသည်းထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ထားခြင်းဖြစ်ပြီး နေစိုးသော်က ဇာတ်ညွှန်းရေးသား ပေးကာ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးဟေ ကို၊ မိုးယုစံ၊ သန္တာဗိုနှင့် မိုးပြည့်ပြည့်မောင်တို့ ပါဝင် သရုပ်ဆောင်ထားသည်။ |
Credit >>> မဇ္စျိမ
0 comments:
Post a Comment