ဇန်န၀ါရီ ၂၉ ရက် နေ၀င်တာနဲ့ အမျိုးသမီး အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမားကို လွှဲမပေးဘူးဆိုရင် ဂျော်ဒန်လေယာဉ်မှူးကို သတ်မယ်လို့ အစ္စလာမစ်နိုင်ငံတော်အမည်ခံ အိုက်အက်စ် အကြမ်းဖက်အဖွဲ့က ပြောပါတယ်။
ဂျပန်ဓားစာခံ ကန်ဂျီဂိုတိုစံရဲ့ အသံလို့ ယူဆရတဲ့ အသံဖိုင်မှာ ဖမ်းထားတဲ့သူတွေက ဂျော်ဒန်မှာ သေဒဏ်ကျခံထားရတဲ့ အီရတ် အမျိုးသမီးကို မပေးဘူးဆိုရင် ဂျော်ဒန်လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ကို သတ်မယ်လို့ ပြောဆိုကြောင်း အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။
ဒီအသံဖိုင်ကို အိုင်အက်စ်အဖွဲ့နဲ့ဆက်နွှယ်နေတဲ့ လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာကနေ တဆင့် မနေညက ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။
ဂိုတိုနဲ့ အယ် ခါစီဗက်တို့ လွှတ်ပေးရေးကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကလည်း ဒီအသံဖိုင်ကို သတိထားမိသလို ဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ ပြောပါတယ်။
အိုင်အက်စ်အုပ်စုက လေယာဉ်မှူးကို လွှတ်ပေးမယ်ဆိုရင်တော့ ဂျော်ဒန်က ၂၀၀၅ ခုနှစ် ဂျော်ဒန်မြို့တော်မှာ အသေခံဗုံးကွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ အသေခံဗုံးခွဲရာမှာ ပါဝင်ခဲ့တဲ့ အတွက် ဖမ်းဆီးထားတဲ့ အီရတ် အမျိုးသမီး ဆာဂျီဒါ အယ်ရီရှားဝီ (Sajida al-Rishawi) ကို လွှတ်ပေးမယ်လို့ အစိုးရ ပြောခွင့်ရက ပြောပါတယ်။
လေယာဉ်မှူးဟာ အိုင်အက်စ်စစ်သွေးကြွတွေကို ဗုံးကြဲတဲ့ စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ သူ့လေယာဉ်ပျက်ကျအပြီး အဖမ်းခံခဲ့ရတာပါ။
Credit >>> DVB
0 comments:
Post a Comment