လောက်ကိုင်တိုက်ပွဲတွင် ပါဝင်သော တရုတ်ကြေးစားများကို မြန်မာနိုင်ငံဥပဒေအရ အရေးယူမည်ဟုဆို


 လောက်ကိုင်တိုက်ပွဲများတွင် တရုတ်ကြေးစားများ ပါဝင်သည်ဟုဆိုကာ ယင်းကိစ္စနှင့် ပတ်သက်ပြီး အချူပ်အခြာအာဏာပိုင်ထဲမှာဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ဒုတိယဗိုလ်ချူပ်ကြီး မြထွန်းဦးက ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ဒီကိစ္စနဲ့ ပါတ်သက်လို့ တရုတ်အစိုးရကို အကြောင်းကြားထားပြီး။ ဒီနိုင်ငံထဲမှာဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိနိုင်ငံရဲ့ အချူပ်အခြာ အဏာပိုင်ထဲမှာဖြစ်တဲ့ကြောင့် မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းကို အရေးယူမှာဖြစ်ပါတယ်” ဟုဒုတိယဗိုလ်ချူပ်ကြီး မြထွန်းဦးက သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြောသည်။
ကာကွယ်ရေးဦးစီးချူပ်ရုံးရှိ ဘုရင်နောင်ရိပ်သာတွင် လောက်ကိုင်ဒေသတိုပွဲများနှင့်ပတ်သက်ပြီး စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချူပ် ဒုတိယဗိုလ်ချူပ်ကြီး ဦးမြထွန်းဦးက သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲများနှင့် ပါတ်သက်ပြီး တရုတ်နိုင်ငံနှင့်သံတမန် နည်းလမ်းများအရ သံအမတ်ကြီးများဖြင့် တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း တရုတ်အစိုးရအနေဖြင့် အကြောင်းပြန်ထားသည်ဟု ဆိုသည်။
ကိုးကန့်သောင်းကျန်သူအဖွဲ့မှ တရုတ်နိုင်ငံသား ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များနှင့် သတင်းအချက်အလက် စုံစမ်းချက်များအရ တရုတ်နိုင်ငံသား ကြေးစားများ ပါဝင်ပတ်သက်လျှက်ရှိသည်ဟု ဒုတိယဗိုလ်ချူပ်ကြီး မြထွန်းဦးကဆိုသည်။
Credit >>> Mizzima
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment