ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် နယ်သာလန်ဘုရင်မ ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းပြောမည်


နယ်သာလန်ဘုရင်မ သည် ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူး၏ ဘဏ္ဍာရေးဖွံ့ဖြိုး မှုဆိုင်ရာ အထူးကိုယ်စားလှယ်အ ဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၃၀ မှ ဧပြီ ၁ ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က သတင်းထုတ် ပြန်သည်။

မြန်မာအစိုးရ၏ ဖိတ်ခေါ်မှု ဖြင့် လာရောက်လည်ပတ်သော နယ်သာလန်ဘုရင်မ Maxima သည် မတ်လ ၃၁ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိရေး အရေးကြီးမှု အ ကြောင်းအရာများကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ရန်ကုန်မြို့အနီးရှိ ဒေသခံစီး ပွားရေးလုပ်ငန်းရှင်များ၏ ချေးငွေ အနည်းငယ်ဖြင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နေမှုများကို သွားရောက်လေ့လာမည်ဖြစ်သည်။
မတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ ဘဏ်လုပ်ငန်းများ၊ အသေး စားချေးငွေလုပ်ငန်းများနှင့် ဆက် သွယ်ရေးလုပ်ငန်းများမှ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဧပြီ ၁ ရက်တွင် နေပြည်တော်၌ ကျင်းပသော ဘဏ္ဍာရေးဆိုင်ရာအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
နယ်သာလန်ဘုရင်မသည် နေပြည်တော်တွင် မြန်မာအစိုးရ၊ ဗဟိုဘဏ်နှင့် လွှတ်တော်မှ တာ ၀န်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်သူ များ ဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေးဝန်ဆောင်မှုရရှိရေး အရေးကြီးမှုကို ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
 
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment