တရုတ်နယ်စပ်နေအိမ်များတွင် မြန်မာ့တိုက်လေယာဉ်ဗုံးများ ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံအလံများ လွှင့်ထူထား


ကိုးကန့်ဒေသ၌ တိုက်ပွဲ များပြင်းထန်နေပြီး မြန်မာ့တိုက် လေယာဉ်ပေါ်မှ ဗုံးကြဲချမှုကိုကာ ကွယ်ရန် မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့ နေအိမ်များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်   အလံများကို ထင်ရှားစွာ လွှင့်ထူထားကြောင်း သတင်းရရှိသည်။
ကိုးကန့်တိုက်ပွဲအတွင်းမတ် လ ၂ရက်က တရုတ်နိုင်ငံ၊ လင်း စန်းမြို့ရှိ ကြံခင်းပေါ်သို့ ဗုံးကျ ရောက်မှုကြောင့် တရုတ်နိုင်ငံ သား ငါးဦးသေဆုံးပြီး ကိုးဦးဒဏ် ရာရရှိခဲ့ပြီးနောက် ယခုအခါ တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ လူနေအိမ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံများကိုလွှင့်ထူထားခြင်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ The Global Time က ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ယူနန်ပြည်နယ်၊ လင်စန်းခ ရိုင်အတွင်း နမ်စန်မြို့မှာ ကိုးကန့် ဒေသတိုက်ပွဲကြောင့် နယ်စပ်ဖြတ် ကျော်၍ ထွက်ပြေးလာကြသည့် မြန်မာနိုင်ငံသား ကိုးကန့်ဒေသခံ များသောင်းချီလက်ခံထားရသည့် မြို့ဖြစ်သည်။ တရုတ်အစိုးရက ဒုက္ခသည်များကို ယွမ်သန်းသုံးရာ ခန့်အကုန်အကျခံအကူအညီပေး ထားပြီး ယခုအခါ ဒုက္ခသည်လေး သောင်းခန့်   တရုတ်နိုင်ငံတွင် ရောက်ရှိနေသည်။
‘‘အလံတွေကတော့ လေ ယာဉ်ပေါ်က ကြည့်ရင်မပစ်နိုင် အောင်ပေါ့။ အိမ်တွေပေါ်မှာ ထောင်ထားကြတာ ဒီရက်ပိုင်း တော့ လေယာဉ်ပျံသံမကြားဘူး’’ ဟု နမ်စန်ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ကိုးကန့်ဒေသခံ ကိုရန်ကပြောသည်။
ယခုလဆန်းက   တရုတ် နိုင်ငံအတွင်းသို့ ကျရောက်သည့် ဗုံးမှာ မည်သည့်ဘက်ကပစ်ခတ် ခြင်းဖြစ်သည်ကိုသိနိုင်ရန် တရုတ် -မြန်မာနှစ်နိုင်ငံကိုယ်စားလှယ် များပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်။
‘‘မြန်မာဘက်က သေသေ ချာချာစစ်ဆေးဖို့အတွက် လက် နက်ဆိုင်ရာကျွမ်းကျင်သူများနဲ့အ ဖွဲ့ဖွဲ့ထားပြီးပါပြီ။ တစ်ဖက်(တရုတ်)က အဆင်ပြေလက်ခံနိုင် မယ့်အခြေအနေကို စောင့်နေတဲ့ အခြေအနေပါ’’ဟု နိုင်ငံခြားရေးဒု ၀န်ကြီးဦးသန့်ကျော်ကပြောကြား သည်။
တရုတ်-မြန်မာနှစ်နိုင်ငံနယ် စပ်တိုက်ပွဲများကြောင့်မတ်လ ၄ ရက်မှစတင်၍ တရုတ်ပြည်သူ့ တပ်မတော်က နယ်စပ်တွင် တပ် မတစ်ခုကို လုံခြုံရေးအတွက် ချ ထားပေးခဲ့ကြောင်း တရုတ်မီဒီ ယာများက ဖော်ပြသည်။ ဗုံးမှာ မည်သည့်ဘက်က ပစ်ခတ်သည် ကို ဗုံးကျပြီးတစ်ပတ်ကျော်ကြာ သည်အထိ နှစ်ဖက်လုံးက အ တည်ပြုပြောကြားခြင်းမရှိသေး ဘဲ မြန်မာဘက်က ကမ်းလှမ်းခဲ့ သည့် လျော်ကြေးကိစ္စကိုလည်း နှစ်ဖက်အစိုးရတာဝန်ရှိသူများက မဟုတ်မှန်ကြောင်းငြင်းဆိုထား သည်။ တစ်လကျော်ကြာမြင့်လာ သည့် ကိုးကန့်ဒေသတိုက်ပွဲများ ကြောင့် အစိုးရတပ်ဘက်မှ အရာ ရှိနှင့်စစ်သည်တစ်ရာကျော်ကျ ဆုံးထားပြီး ကိုးကန့်တပ်ဖွဲ့ဘက် ကလည်း တစ်ရာကျော်သေဆုံး ကြောင်းအစိုးရ၏ ထုတ်ပြန်ချက် အရသိရသည်။
လက်ရှိအချိန်တွင် တရုတ် ဘက် ဗုံးကျသည့်ကိစ္စနှင့်ပတ် သက်၍ တရုတ်နိုင်ငံသားများ၏  မြန်မာအစိုးရနှင့် ၎င်းတို့အစိုးရအ ပေါ် ဝေဖန်ပြစ်တင်သည့်မကျေမ နပ်ဖြစ်နေသော စကားများကိုအင် တာနက်စာမျက်နှာများတွင် ရေး သားနေသော်လည်း တရုတ်အာ ဏာပိုင်များကမူ အဆိုပါစာသား များကို ဆင်ဆာဖြတ်တောက်နေ ပြီး မြန်မာလေယာဉ်များက တ ရုတ်ဘက်ကို ရည်ရွည်ချက်ရှိရှိ ပစ်ခတ်ခြင်းမျိုးမဟုတ်ကြောင်း တရုတ်အာဏာပိုင်များက  ရှင်း ချက်ထုတ်ထားကြသည်။
 
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment