အမျိုးသားများနှင့် အတူအိပ်စက်ဖော် စက်ရုပ် ပြင်သစ်ပညာရှင် တီထွင်


မိမိကြိုက်သည့် ပုံစံအနေအထားကို ပြောင်းလဲနိုင်စွမ်းရှိပြီး အမျိုးသားများအတွက် စိတ်ကျေနပ်မှု အပြည့်ပေးစွမ်းနိုင်မည့် အိပ်ဖော် အမျိုးသမီး စက်ရုပ်ကို ပြင်သစ်နိုင်ငံ အနုပညာရှင်တစ်ဦးက ကွန်ပျူတာနှင့် စက်ပစ္စည်းများကို အခြေခံပြီး တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယင်းစက်ရုပ်ကို ပြင်သစ် အနုပညာရှင် ဆီဇာဗွန်ဆိုသူက တီထွင်ခဲ့ခြင်း ဖြစ်ပြီး သူ၏ http://cesar.vonc.fr/ ဝက်ဘ်ဆိုက်ပေါ်တွင် အသေးစိတ် ရှင်းလင်း တင်ပြထားကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းဝက်ဘ်ဆိုက်ပေါ်တွင် အမျိုးသမီး စက်ရုပ်ပုံစံ၏ ဖြတ်ပိုင်းပုံကို ဖော်ပြထားပြီး၊ စက်ရုပ်၏ အတွင်းပိုင်း အားလုံးသည် အမျိုးသမီး အစစ်နှင့်မခြား တုံ့ပြန်မှုများကို ပေးစွမ်းနိုင်စွမ်း ရှိစေမည့် ဖန်တီးချက်များ အားလုံး ထည့်သွင်း ပေးထားကြောင်း တွေ့ရသည်။

စက်ရုပ်များကို လူသားနှင့်မခြား တုပပြုလုပ်ခဲ့ကြရာ၌ အသံ၊ ဟန်တို့သာမက လူသားတို့အတိုင်း စိတ်ခံစားမှုများကို ဖော်ထုတ်နိုင်ရန်ကိုပါ စီစဉ် ထားနိုင်သောကြောင့် အနာဂတ်တွင် စက်ရုပ်များ၏ အခန်းကဏ္ဍသည် လူသားတို့နှင့် ပတ်သက်မှု ပိုပြီးများလာစရာ ရှိကြောင်း ဆီဗာဗွန်က ပြောကြားသည်။

စက်ရုပ်၏ ကိုယ်ခန္ဓာအတွင်း အဆုတ်၊ နှလုံး၊ အရိုး တည်ဆောက်ပုံ များကိုလည်း လူသားတို့အတိုင်း ဖန်တီးထားပြီး အနီးစပ်ဆုံး တုံ့ပြန်မှုကိုပါ သဘာဝအတိုင်း ဖြစ်စေရန် ဖန်တီးထားကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် လူ့ဘောင်လောကအတွင်း စစ်သားအဖြစ် အစားထိုးမည့် စက်ရုပ်များမှာ ၄၅ ရာခိုင်နှုန်း၊ စက်ရုံ အလုပ်သမားများအဖြစ် အစားထိုး ဆောင်ရွက်မည့် စက်ရုပ် ၃၃ ရာခိုင်နှုန်း၊ အာကာသယာဉ်မှူးများအဖြစ် အမှုထမ်းမည့် စက်ရုပ်ပေါင်း ၃၃ ရာခိုင်နှုန်းခန့် ရှိလာနိုင်ကြောင်း၊ နောက်လာမည့် အနှစ် ၂၀ အတွင်း ပညာရေး လောကတွင် ကျောင်းဆရာအဖြစ် အမှုထမ်းမည့် စက်ရုပ်ပေါင်းမှာ ၄၂ ရာခိုင်နှုန်းခန့် ရှိလာမည် ဖြစ်ကြောင်း မက်ဒယ်ဆက် တက္ကသိုလ်မှ စက်ရုပ်ပညာရှင် ဒေါက်တာ မာတင်စမစ်က ပြောကြားသည်။

အနာဂတ်တွင် အမျိုးသားများအတွက် လိင်ဖျော်ဖြေမှု ပေးနိုင်မည့် စက်ရုပ်များနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်ကြည့်ရာတွင် အမျိုးသား ၁၇ ရာခိုင်နှုန်းက သဘောကျကြောင်း၊ ၂၉ ရာခိုင်နှုန်းက ပြဿနာ မရှိကြောင်း ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

Credit >>> The Voice
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment