ချယ်လ်ဆီးက ၀က်စ်ဟမ်းကို အနိုင်ယူပြီး ပရီးမီးယာလိဂ် ဆက်လက်ဦးဆောင်


ချယ်လ်ဆီးက ၀က်စ်ဟမ်းအသင်းကို သက်သောင့် သက်သာနှစ်ဂိုးပြတ်အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ကို ဆက်လက် ဦးဆောင်၍ ထိပ်ဆုံး၌ ရပ်တည်နေသည်။
ယခုပွဲတွင် ဂျွန်တယ်ရီက ချယ်လ်ဆီးအတွက် နှစ်ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့ပြီး ဒီယေဂိုကော်စတာက ၎င်း၏ ယခုရာသီ ၁၃ ဂိုး မြောက်ဂိုးကို သွင်းယူခဲ့သည်။
ဝက်စ်ဟမ်းအသင်းမှာ နံပါတ် (၄) နေရာရယူထားပြီးယခု ပရီးမီးယားရာသီတွင် အံ့အားသင့်ဖွယ်ခြေစွမ်းပြနေသော အသင်းဖြစ်သည်။  သို့သော်ပွဲကျပ်ကာလကို မျှော်တွေးရင်း အရေးပါသော ကစားသမားဖြစ်သည့် အဲလက်ဆောင်းနှင့် ဒီယာဖရာဆာခိုတို့ကို အနားပေးထားခဲ့သည်။
ပွဲချိန် ၃၁ မိနစ်တွင် ဖာဘရီဂက်စ်၏ ထောင့်ကန်ဘောကို ကော်စတာက ဂိုးဆီခေါင်းတိုက်ပေးခဲ့ပြီး တယ်ရီက အနီးကပ် သွင်းယူခဲ့သည်။
ဝက်စ်ဟမ်းဂိုးသမား အက်ဒရီယမ်က အပိုင်ကန်သွင်းသောဂိုးအများအပြားကို ကာကွယ်နိုင်ခဲ့သော်လည်း ကော်စတာ၏ ၆၂မိနစ်ဂိုးကိုမူ ကာကွယ်ရန် မတတ်နိုင်ခဲ့ပေ။ အီဒင်ဟာဇက်ထိုးပေး လိုက်သော ဘောလုံးကို စပိန် တိုက်စစ်မှူးက အမှားအယွင်းမရှိဂိုးအဖြစ်ပြောင်းလဲပေးခဲ့သည်။  

Credit >>> 7 Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment