ဆော်ဒီဘုရင်သစ်ဆဲလ်မန်း ၀န်ကြီးအဖွဲ့ အပြောင်းအလဲလုပ် ဘုရင်ဟောင်း အဗ္ဗဒူလာ၏ သားနှစ်ဦးအား ရာထူးမှဖယ်ရှား


ဆော်ဒီအာရေဗျ ဘုရင်ဆဲလ်မန်းက ထီးနန်းရပြီး တစ်ပတ်အကြာ အဓိက ဝန်ကြီးအဖွဲ့ အပြောင်းအလဲကို ကြေညာလိုက်သည်။

ထောက်လှမ်းရေး အကြီးအကဲနှင့် အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲနေရာ နှစ်ခုစလုံးကို အစားထိုးခဲ့သည်။ အခြားထိပ်တန်း ကာကွယ်ရေး၊ ရေနံနှင့် နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာများတွင် မူလအတိုင်းထားသည်။

မက္ကာမြို့တော် အုပ်ချုပ်ရေးမှူးနှင့် ရီးယာ့ဒ်မြို့တော်ဝန်တို့ကို ဘာသာရေး ထိပ်တန်း တာဝန်ရှိသူများနှင့်အစားထိုးခဲ့သည်။

ဘုရင်ဆဲလ်မန်းသည် ကွယ်လွန်သူ ဘုရင်အဗ္ဗဒူလာ၏ ညီအစ်ကို ဝမ်းကွဲဖြစ်သည်။ဘုရင်ဆဲလ်မန်းက နိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်နှင့် ပင်စင်စားများ၊ ကျောင်းသားများအား လစာနှစ်လစာဆုကြေးငွေများပေးအပ်ခဲ့သည်။

ဘုရင်ဆဲလ်မန်းသည် အိမ်ရှေ့မင်းသား အဗ္ဗဒူလ်အဇစ်အယ်လ်ကော့ကို ထောက်လှမ်းရေး အကြီးအကဲ တာဝန်ရပ်စဲခဲ့ကြောင်း ဆော်ဒီသတင်း အေဂျင်စီကဖော်ပြသည်။

ဗိုလ်ချုပ်ကြီး အယ်လ်ဟူမိတ်ဒန်း သည် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာခဲ့သည်။ ကွယ်လွန်သူဘုရင်၏တူဖြစ်သူ အိမ်ရှေ့မင်းသား ဘန်ဒါဘင်ဆူလ်တန်ကို အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးချုပ်ရာထူးမှ ဖယ်ရှားလိုက်ပြီး ဘုရင်အကြံပေးအဖြစ် ခန့်အပ်လိုက်သည်။

အဗ္ဗဒူလာ၏ သားနှစ်ဦးဖြစ်သည့် မက္ကာအုပ်ချုပ်ရေးမှူး မင်းသားမစ်ရှယ်နှင့် ရီးယာ့ဒ်မြို့တော်ဝန် မင်းသားတာတီတို့ကို ရာထူးမှဖယ်ရှားလိုက်သည်။

Credit >>>> ဘီဘီစီ
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment