တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကုန် သွယ်ရေးလမ်းကြောင်းဖြစ်သော
မန္တလေး-မူဆယ် ကားလမ်းကို မတ်လ ၁၉ ရက် ညနေ ၅ နာရီ ခွဲမှစတင်၍ နာရီနှစ်ဆယ်ကြာ
ခေတ္တပိတ်ခဲ့ကြောင်း သတင်းရရှိ သည်။
မိုင် ၂၆၀ ကျော် ရှည်လျား သော အဆိုပါကားလမ်း ယာယီပိတ်ဆို့ရခြင်းမှာ တောတွင်း လက်နက်ကိုင်အဖွဲ့များက ယင်းလမ်းကို ဖြတ်သန်းသွားခြင်း ကြောင့်ဟု မူဆယ်မြို့မှ ကုန်သည်များက ထင်မြင်ချက်ပေးကြသည်။
တောတွင်း လက်နက်ကိုင် အဖွဲ့အချို့က လမ်းပိတ်ဆို့ရန် ၁၂ ဘီးကားကို ကွတ်ခိုင်မြို့နယ် ရှိ နောင်ပိတ် တံတားအနီးတွင် ကန့်လန်ဖြတ် ပိတ်ဆို့ထားခြင်း ကြောင့် ယာယီပိတ်ခဲ့ခြင်း ဖြစ် သည်။ ထိုသို့ ပိတ်ဆို့ထားခြင်းကို မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိ လာသော ကားသမားများထံမှ သိရကြောင်း ကုန်သွယ်ရေးညွှန် ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ပြောကြားသည်။
မန္တလေး-မူဆယ် ကားလမ်း ယာယီပိတ်ဆို့မှုကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုမှာ တစ် ရက်ခန့် ရပ်တန့်သွားပြီး မတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင်မှ ပြန်လည်လမ်းဖွင့်ပေးခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြော သည်။
‘‘မနေ့က ညကတည်းက မန္တလေးဆင်းသွားတဲ့ ကားတချို့ (မူဆယ်) ပြန်ရောက်လာတယ်။ ကုန်စည်စီးဆင်းမှုက တစ်ရက် တော့ ရပ်သွားတယ်။ ဒီကလက် ကျန်တွေပဲ ရောင်းနေရတယ်’’ ဟု မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဆန် ကုန်သည် ဦးသောကြာက ပြော ကြားသည်။
လမ်းပိတ်မှုကြောင့် မန္တလေး -မူဆယ် ကားလမ်းတွင် ကုန်တင်ယာဉ်အစီးရေ ရှစ်ရာမှ တစ် ထောင်ကြား ပိတ်မိခဲ့ကြောင်း ကုန်သည်များက ပြောသည်။ ယခုလမ်းပိတ်ပြီး တောတွင်း လက် နက်ကိုင်တပ်များ ဖြတ်သန်းသွား မှုသည် လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးခါနီး အခြေအနေတစ်ခုဖြစ်နိုင်ကြောင်း ကုန် သည်များက ခန့်မှန်းသည်။ တိုက်ပွဲများရှိနေခြင်းသည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုတွင် အကျိုးသက်ရောက်မှု မရှိသော်လည်း စိတ်ချလက်ချ မလုပ်နိုင်ကြောင်း မြင်းခြံမြို့မှ ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
မန္တလေး-မူဆယ် ကားလမ်း တွင် ယခင်လက မူဆယ်ခရိုင် ပန်ဆန်းမြို့နယ်အနီး၌ ဖရဲသီး များ တင်ဆောင်လာသည့် ကုန် တင်ကားကို ဖေဖော်ဝါရီ ၂၄ ရက် ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တားဆီးကာ လူ များကို ဆင်းခိုင်းပြီး ကားခေါင်း ထဲသို့ လက်ပစ်ဗုံးပစ်သွင်းဖောက် ခွဲခဲ့သည်။
အဆိုပါ ဖောက်ခွဲမှုဖြစ်ပွား ပြီးနောက် မန္တလေး-မူဆယ် ကား လမ်းကို ပိတ်မည်ဟု ကောလာ ဟလ သတင်းများ ထွက်ပေါ်ပြီး ကုန်စည်ပို့ဆောင်ခများ ဈေးမြင့် တက်လာသည်။ မူဆယ်မြို့မှ ပို့ ကုန်သွင်းကုန် လုပ်ငန်းရှင်များ သည် ကုန်တင်မော်တော်ယာဉ် များ ထပ်မံဗုံးခွဲတိုက်ခိုက်ခံရမည် ကို စိုးရိမ်နေကြသည်။
Credit >>> 7Day

0 comments:
Post a Comment