လူကိုးဦးအား အိုင်အက်စ်တို့ပစ်သတ်သည့် ဗီဒီယိုထွက်ပေါ်


အိုင်အက်စ် အိုင်အယ်လ် တက်ဖရီစစ်သွေးကြွများက လူကိုးဦးအား သေနတ်ဖြင့် ပစ်သတ်လိုက်သော ဗီဒီယိုထွက်ပေါ်လာသည်။

အဆိုပါကွပ်မျက်မှုသည် အရှေ့အလယ်ပိုင်းရှိ တစ်နေရာတွင် ဖြစ်ခဲ့သော်လည်း နေရာအတိအကျမသိရကြောင်း စနေနေ့က ထုတ်ပြန်သည့် မာလီနေ့စဉ်သတင်းစာကဆိုသည်။

စစ်သွေးကြွများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသူများသည် အိုင်အက်စ်အဖွဲ့အား ထောက်လှမ်းရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခံရသည်။

မျက်နှာဖုံးစွပ်ထားသော အကြမ်းဖက်သမားများက ယင်းတို့အား ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် သေနတ်နှင့်ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

အိုင်အက်စ်တို့နေရာကို ထောက်လှမ်းရန် ကြိုးစားသည်ဟုဆိုကာ စစ်သွေးကြွများက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဗီဒီယိုသည် ၁၃ မိနစ်ကြာသည်ဟု သိရသည်။ယင်းအဖွဲ့သည် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို သတင်းပေးနေသောအဖွဲ့ဟု ဆိုသည်။

အိုင်အက်စ်တို့က အမေရိကန်သတင်းထောက် ဂျိမ်းဖိုလေးအား ကွပ်မျက်ခဲ့ပြီးနောက် ယင်းဖြစ်ရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။ အိုင်အက်စ်အိုင် အယ်လ်စစ်သွေးကြွများသည် ဆီးရီးယားနှင့်အီရတ်ရှိ နေရာအများအပြားကို ထိန်းချုပ်ထားသည်။
Credit >>> BBC
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment