အင်ဒီးယန်းတင်းနစ်ပြိုင်ပွဲ အမျိုးသားနှင့်အမျိုးသမီးဗိုလ်လုပွဲများတွင် ဂျိုကိုဗစ်နှင့် ဆီမွန်နာဟဲလပ် ဗိုလ်စွဲ



တနင်္ဂနွေနေ့ က ကျင်းပခဲ့သည့် အင်ဒီယန်းဝဲလ် ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲ အ မျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲများတွင် ဆာဘီးယားမှ  ကမ္ဘာ့နံပါတ် (၁) တင်းနစ်သမား ဂျိုကိုဗစ်နှင့် ရိုမေးနီးယား တင်း နစ်မယ် ဆီမွန်နာ ဟဲလပ်တို့က အ သီးသီး အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။
ဟဲလပ်သည် ယခင်ချန်ပီယံ ဟောင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ် လုပွဲရောက်သည့်အတွက် ကမ္ဘာ့ အဆင့် ၂၀ အတွင်း ပြန်ဝင်လာ သည့် ဆာဘီးယန်းတင်းနစ်မယ် ဂျလင်နာ ဂျန်ကိုဗစ်ကို ၂-၆၊ ၇-၅ ၊ ၆-၄ ဖြင့် အနိုင်ရကာ ယခုနှစ်အတွင်း ဒဗလျူတီအေ တင်းနစ် သရဖူသုံးခု ဆွတ်ခူးနိုင်သည့် ပထမဆုံးတင်းနစ်မယ်ဖြစ်လာသည်။
ဂျိုကိုဗစ်မှာ ဖက်ဒဲရားနှင့် ပွဲတွင် အဖွင့်ပွဲငယ် နိုင်ခဲ့သော် လည်း ဒုတိယပွဲတွင် အကြိတ်အ နယ် ကစားရပြီးမှ ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဖက်ဒဲရားကို ၆-၃၊ ၆-၇ (၅-၇) ၊ ၆-၂ ဖြင့် နိုင်ခဲ့ ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ကစား သမားသက်တမ်းတွင် ၅၀ ခု မြောက် သရဖူကို ရခဲ့ပြီး အင်ဒီယန်း ဝဲလ်ပြိုင်ပွဲသရဖူကိုလည်း လေး ကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်း ဖြစ် သည်။
Credit >> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment