အစိုးရတပ်နှင့် ကေအိုင်အေတို့သည် မတ်လ ၂၃
ရက်တွင်တစ်နေကုန်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့်တက်လာမည်ကို
ပြည်သူများ စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆွေး နွေးပွဲပြုလုပ်နေသည့် ကာလအ တွင်း အစိုးရတပ်နှင့် ကေအိုင်အေ တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ သည်။ မတ်လ ၂၁ ရက်က မန်ဗီ မြို့နယ် မဒန်ယန်နှင့် ကိုက်ထိပ် ကျေးရွာဝန်းကျင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မတ်လ ၂၂ ရက်တွင် ကေအိုင်အေတပ်မဟာ (၃) လက်အောက်စခန်းကို အစိုးရတပ်မှ လက်နက်ကြီး များအပြင် လေကြောင်းပစ်ကူများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
မတ်လ ၂၃ ရက်တွင်လည်း ကိုက်ထိပ်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ခြင်း ဖြစ်သည်။
‘‘မနက် ၅ နာရီလောက်က နေ အခုအထိ တစ်နေကုန်ပစ်တုန်းပဲ လေကြောင်းတော့မပါဘူး’’ဟု ကေအိုင်အေထိပ်တန်းအရာရှိ တစ်ဦးက မတ်လ ၂၃ ရက်ညနေ တွင် ပြောသည်။
အဆိုပါတိုက်ပွဲများဖြစ်ပွား ရခြင်းနှင့် ပတ်သက်၍ မတ်လ ၂၀ ရက်က တရုတ်နိုင်ငံဘက်သို့ မောင်းနှင်နေသော သစ်ကားအစီးရာဂဏန်းကို နယ်မြေခံတပ်မတော်စစ်ကြောင်းများက ဟန့်တားရန် ဆောင်ရွက်စဉ် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တပ်မတော်အသိုင်းအ ၀ိုင်းဘက်က ဆိုသည်။
ယင်းကိစ္စများနှင့် စပ်လျဉ်း ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးဆွေးနွေးပွဲတက်ရောက်နေ သော ကိုယ်စားလှယ်အဖွဲ့မှတစ် ဆင့် အစိုးရဘက်သို့ အကြောင်း ကြားထားကြောင်း ဦးလနန်က ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲ ဖြစ်ပွားနေသော နေရာများ၌ အစိုးရတပ်ဘက်မှ အင်အားတိုးချဲ့မှုများရှိပြီး စစ်ရေးထပ်မံပြင်းထန်လာမည်ကို ပူပန်ကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
မတ်လ ၁၆ ရက်က အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာဦးဆောင်သည့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်၌ သမိုင်းဝင်တွေ့ဆုံခဲ့ကြသည်။
Credit >>> 7days

0 comments:
Post a Comment