မူဆယ်မြို့ရှိ ဘဏ်များ သို့ ကေအိုင်အေအဖွဲ့က ခြိမ်း ခြောက်စာများ
ပေးပို့သဖြင့် ဘဏ်လုပ်ငန်းရှင်များ စိုးရိမ်ပူပန်နေသည်ဟု
ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ရာ ကေ အိုင်အေအဖွဲ့က ၎င်းတို့ လုပ်
ဆောင်ခြင်းမဟုတ်ကြောင်း ငြင်း ဆိုလိုက်သည်။
မူဆယ်မြို့သည် မြန်မာ− တရုတ် နယ်စပ်စီးပွားရေးမြို့ဖြစ် ၍ ငွေလွှဲ/ငွေပို့ လုပ်ငန်းများ အတွက် မြန်မာ့စီးပွားရေးဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ စီဘီ ဘဏ်၊ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေး ဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမ ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နှင့် ကမ္ဘောဇ ဘဏ်များ ဖွင့်လှစ်ထားသည်။
ကေအိုင်အေ အဖွဲ့က မတ်လ ၁၉ နှင့် ၂၀ ရက် များတွင် အဆိုပါဘဏ် တစ်ခုချင်းစီသို့ တွေ့ဆုံဆွေးနွေးရန် ခေါင်း စဉ်ဖြင့် ‘‘လူကြီးမင်းများကို အမှတ် (၄) တပ်မဟာ ကေအိုင်အေမှ တွေ့ဆုံဆွေးနွေးရန် ရှိပါသဖြင့် ဖုန်းအမှတ် ၁၅၃၆၈၆၉၅၀၀၀ သို့ ၂၀၁၅ ခုနှစ်၊ ၃ လ ၃၀ ရက် နေ့မတိုင်မီ မပျက်မကွက်ဆက် သွယ်ရန် အကြောင်းကြားလိုက် သည်’’ဟု ဖော်ပြထားသည့် စာ များကို ပေးပို့ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်တွင် ဖော်ပြသည်။
ကေအိုင်အေအဖွဲ့က ယခုကဲ့သို့ မူဆယ်မြို့ရှိ ဘဏ်များကို ခြိမ်းခြောက်အကြောင်းကြားစာပေး ပို့လာမှုအပေါ် အဆိုပါဘဏ်များ၊ အခြားစီးပွားရေးလုပ်ငန်းရှင်များ နှင့် မြို့ခံလူထုက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သတင်းရရှိသည်ဟု ထပ်မံဖော်ပြခဲ့သည်။
ထိုသို့ဖော်ပြမှုနှင့် ပတ်သက် ၍ ကေအိုင်အိုအလုပ်အဖွဲ့ (ΤΑΤ) ပြောရေးဆိုခွင့်ရှိသူ ဦး ဒေါင်ခါးထံ 7Δαψ Δαιλψကဆက်သွယ် မေးမြန်းရာ ၎င်းတို့အဖွဲ့လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
‘‘စစ်ဖြစ်နေတဲ့ကာလ အ တွင်းမှာဆိုတော့ အယောင် ဆောင်တွေရှိတယ်။ ကေအိုင်အေ ကို အယောင်ဆောင်တာ ရှိသလို အစိုးရကို အယောင်ဆောင်တာ တွေလည်းရှိတယ်။ ဖားကန့်ဘက် မှာဆိုရင် ကေအိုင်အေတံဆိပ် တုံးထုပြီး လုပ်စားနေတာတွေ တောင်ရှိတယ်။ ဒီမူဆယ်ကိစ္စက ကျွန်တော်တို့လုပ်တာမဟုတ် ဘူး။ စာပို့ခံရတဲ့ ပြည်သူတွေက တော့ ဌာနဆိုင်ရာကို အကြောင်း ကြားလုပ်ဆောင်ရမယ်။ ကျန်တာတော့ ဘာမှ မပြောတတ်ဘူး။ ကျွန်တော်တို့လုပ်တာ လုံးဝ မဟုတ်ဘူး’’ဟု ဦးဒေါင်ခါးက ပြောသည်။
မူဆယ်မြို့ရှိ ဘဏ်များအား ကေအိုင်အိုအဖွဲ့က စာပို့ခြိမ်း ခြောက်ခံရမှုနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်သို့ ဆက်သွယ်မေး မြန်းရာ စာပို့ခံရမှုနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောဆို သည်။ ‘‘အရင်တုန်းကလည်း ပို့တာ ပဲ။ ကြားကနေ တစ်ယောက် ယောက် ပို့နေသလားလို့။ ငြိမ်း ချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ဒီလိုမျိုးလုပ်ပါ့မလားဆိုတာ စဉ်း စားစရာပေါ့။ တိုက်နေရင်လည်း တစ်မျိုးပဲလေ။ ကြားကနေ တစ် ယောက်ယောက်လုပ်နိုင်တာပဲ။ ဒါလည်း စဉ်းစားစရာပါ။ အခုမူ ဆယ်က အစ်ကိုတို့ဘဏ်ကို စာပို့ခံရတယ်ဆိုတာ သတင်းတက်မလာသေးဘူး။ ဘာသတင်းမှ မပို့သေး ဘူး’’ဟု ဦးသန်းလွင်ကပြောကြားသည်။
Credit >>> 7Day

0 comments:
Post a Comment