ရဲတပ်ဖွဲ့ဝင်များ လိုင်းကြေးတောင်းခြင်းကို အထောက်အထားဖြင့် တိုင်ကြားလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒု-တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မူးယစ်နှင့် လောင်းကစားများကို အဓိကဦးစားပေး ဖမ်းဆီးမူများ ပြုလုပ်လျက်ရှိရာ အောက်ခြေရဲစခန်းများရှိ ရဲတပ်ဖွဲ့ဝင်များ၏ လိုင်းကြေးကောက်ခံခြင်း များနှင့် ပတ်သက်ပြီး China.com၏ မေးမြန်းမူကို အထက်ပါအတိုင်းပြောကြားလာခြင်းဖြစ်သည်။
'' လိုင်းကြေးကိစ္စတွေအပါအဝင် အဂတိကင်းစင်အောင်း မှာကြား ထား ပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ အထောက်အထားနဲ့ လှမ်းတိုင်ရင် အရေးယူဆောင်ရွက်ပါမယ်။ ပြီးတော့ လောင်းကစား လုပ်နေတာကို မဖမ်းဘဲထားလို့ လောင်းကစားသမားကို ဖမ်းမိရင် နယ်တာဝန်ခံကိုပါ အရေးယူမူ ပါလာမှာပါ''ဟု ရဲမှူးကြီးဝင်းဗိုလ်ကပြောသည်။
ပြည်သူ့ဝန်ဆောင်မူ လုပ်ငန်းများနှင့် ပတ်သက်ပြီး တိုင်ကြားမူများ ပြုလုပ်နိုင်ရန် ၀၁၂၃၁၇၅၂၆ ၊ ၀၁၂၃၁၇၅၂၇ စသည့် ဖုန်း ၂ လုံးကို ၂၄ နာရီလုံး ဖွင့်ထားပြီး တိုင်ကြားနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရက် ၁၀၀ စီမံချက်စတင်သည့် မေ ၁ ရက်နေ့မှစ၍ ရက်ပေါင်း၂၀ အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ အမူပေါင်း ၉၀၀ ကျော် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြားထားခဲ့သည်။
စည်သူ
china.com Myanmar
0 comments:
Post a Comment