နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ကို
ပုံစံသစ်ဖြင့် မိတ်ဆက်ခဲ့ပြီး အဆိုပါပုံစံသစ်တွင် "ပြည်သူ့တင်ပြချက်"
နှင့် စပ်လျဉ်း၍ ပေးပို့သူ ကာယကံရှင်၏ မိုဘိုင်းဖုန်း နံပါတ်ဖြင့် SMS
Verification (သို့မဟုတ်) Verification Code with email နည်းလမ်းဖြင့်
ဆောင်ရွက်နိုင်ရန် မိုဘိုင်းအော်ပရေတာများဖြင့် ညှိနှိုင်းခြင်းများ
ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ http://www.president-office.gov.mm ဝက်ဘ်ဆိုက်တွင် နိုင်ငံတော်သမ္မတထံပေးစာဟူသော ကဏ္ဍတစ်ခုဖွင့်လှစ်ထားသည်ကို တွေ့ရှိရသော်လည်း လက်ရှိအချိန်၌ အသုံးပြုနိုင်ခြင်း မရှိသေးပေ။ ပုံစံသစ်ဖြင့် မိတ်ဆက်ခဲ့သော သမ္မတရုံးဝက်ဘ်ဆိုက်သစ်တွင် ပြည်သူ့အတွက် ပထမ ရက် ၁၀၀ ကိုလည်း သီးခြား Blog ဖြင့် ချိတ်ဆက်ပေးထားကြောင်း သိရသည်။
Credit >>> Internet Journal

0 comments:
Post a Comment