အာရှပစိဖိတ်ဒေသတွင်း၌ သုံးစွဲသူဝန်ဆောင်မှုနှင့် ပတ်သက်၍ အဆင့် ၁ ရွှေတံဆိပ်ဆုကို Ooredoo မှ ရရှိခဲ့ကြောင်း သိရသည်။
မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာရှပစိဖိတ်ဒေသတွင်း Contact Center World Asia Pacific Finals တွင် Ooredoo Myanmar က ပထမဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဒီဆုအတွက်ကိုတော့ ဘဏ္ဍာရေး ၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးအစရှိတဲ့ နယ်ပယ်အသီးသီး ၊ ကဏ္ဍအသီးသီးက လူသိများတဲ့ လုပ်ငန်းကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
"ဒီဆုဟာ ကျွန်တော်တို့အတွက် ကောင်းကောင်းသက်သေထူပေးနိုင်တဲ့ မှတ်ကျောက်ပဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာက အဖွဲ့သား ၃၀၀ ကိုလည်း သာလွန်ပြည့်စုံတဲ့ သုံးစွဲသူဝန်ဆောင်မှု ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု Ooredoo မှ သုံးစွဲသူ ဝန်ဆောင်မှုဒါရိုက်တာ Philip Joseph က ဆိုသည်။
Ooredoo Myanmar အနေနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် Las Vegas မြို့၌ ကျင်းပမည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲကို အကောင်းဆုံး ဝန်ဆောင်မှုဆုရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ အဆို ပါပြိုင်ပွဲတွင် အာဖရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်းဒေသ ၊ တောင်အမေရိကနှင့် မြောက်အ မေရိကတို့မှ ဒေသအလိုက် အကောင်းဆုံးဆု ရရှိသူများက ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
Credit >>> internet journal
0 comments:
Post a Comment